1.

Friday, March 21, 2014

ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ ရက်နေ မြို့တော်ခန်းမ ပြည်သူ့ အစည်းအဝေးကြီး

ယခု ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးသမားတွေ လုပ်နေကြတယ်။ သတင်းစာဆရာတွေ လုပ်နေကြတယ်။ သူတို့ ရေးနေတာ သူတို့၊သူတို့ ပြောနေတာ သူတို့ နားမလည်တဲ့ သူတွေ အများကြီးဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။(လက်ခုတ်တီးသံ ဩဘာသံများ)။ခံချင်မှာတော့ မဟုတ်ဘူး။ ဘာပြုလို့လဲ ဆိုယင် နားမလည်ဘူး ပြောလိုက်တာကိုး၊ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့။ သို့သော်လဲဘဲ (It is painful truth) အဲဒါ တခါတည်းကို သွေးထွက်အောင် မခံချင်လောက်အောင် မှန်တယ်၊မှန်တယ်ဆိုတာ ကျွန်တော် ရဲရဲ ကြီး ပြောရဲတယ်။ (လက်ခုတ်တီးသံနှင့် ဩဘာသံများ)။

အဲဒီတော့ ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊သတင်းစာ ဆရာတွေက တော်တော်ကလေး များတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေး အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားက အစ ကျွန်တော်တခါတည်း တိုင်းပြည်ကို နောင်အခွင်သင့်လို့ရှိယင် အပတ်စဉ် အပတ်စဉ်ဖြစ်စေ၊တခါတည်း ရက်ဆက် သဘောမျိုး ဖြစ်စေ တခါတည်း အဲဒီလို ရှင်းလင်းပြသွားချင်ပါသေးတယ်။ိ အဲဒီအခါကျယင် နိုင်ငံရေး ဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ၊ နောက်ပြီးတော့ လွတ်လပ်ရေး ဆိုတာ ဘာလဲ၊ ဟိုဟာက ဘာလဲ၊ဒီဟာက ဘာလဲ၊အဲဒါတွေ ကျွန်တော်ရှင်းပြချင်တယ်။ ခေါင်းဆေင်မှုဆိုတာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ။ အဲဒါတွေ ကျွန်တော် ရှင်းပြချင်တယ်။ သို့ပေမယ့် ၀မ်းထဲမှာတော့ အများကြီးဘဲ၊ ပုံနေတာဘဲ၊ သို့သော်လဲဘဲ ကျွန်တော့်မှာ အချိန်က မရတော့ မရှင်းနိုင်အားဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ ပြောချင်တာပြော၊ ကြည့်နေရတာပဲ။ ဘာမှ မတက်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာ ကြးပြီး၊ ထင်ချင်တာ ထင်နေတာဘဲ ဆိုတာလဲ ကျွန်တော် သိပါတယ်။ (လက်ခုတ်တီးသံနှင့် ဩဘာသံများ)။

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ ရက်နေ
မြို့တော်ခန်းမ ပြည်သူ့ အစည်းအဝေးကြီး

No comments:

Post a Comment